စင်္ကာပူနိုင်ငံရောက်မြန်မာတွေကို မြန်မာအစိုးရက ပြန်ခေါ်ဖို့ဆောင်ရွက်နေကြောင်း ကြေညာချက်ထုတ်ပြန်
စင်္ကာပူနိုင်ငံရောက်မြန်မာတွေကို မြန်မာအစိုးရက ပြန်ခေါ်ဖို့ဆောင်ရွက်နေကြောင်း ကြေညာချက်ထုတ်ပြန်
(Zawgyi Version)
စင်္ကာပူနိုင်ငံရောက်မြန်မာတွေကို
မြန်မာအစိုးရက ပြန်ခေါ်ဖို့ဆောင်ရွက်နေကြောင်း ကြေညာချက်ထုတ်ပြန်
စင်္ကာပူနိုင်ငံမှာရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေ
ပြည်တော်ပြန်နိုင်ဖို့အရေးနဲ့ပက်သက်တဲ့ကြေညာချက်တစ်စောင်ကို စင်္ကာပူနိုင်ငံ မြန်မာသံရုံက
ဧပြီလ ၂၅ရက်နေ့မှာ ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။
ကိုဗစ်ကပ်ရောဂါအခြေအနေကြောင့်
စင်္ကာပူနိုင်ငံမှာရောက်ရှိပိတ်မိနေကြတဲ့မြန်မာနိုင်ငံသားတွေ ဆက်လက်နေထိုင်ဖို့အခက်အခဲကြုံနေတဲ့သူတွေကို
ကယ်ဆယ်ရေးလေယာဉ် (Relief Flight) နဲ့ ခေါ်ယူဖို့တွက် မြန်မာသံရုံးကဆောင်ရွက်နေပြီး ပြည်တော်ပြန်လိုသူတွေအနေနဲ့
သံရုံကိုဆက်သွယ်ဖို့ ထုတ်ပြန်ချက်ထဲမှာ ရေးသားဖော်ပြထားပါတယ်။
လာရောက်ခေါ်ဆောင်မယ့် လေယာဉ်ခရီးစဉ်အတွက်
ကုန်ကျစရိတ်ကို မြန်မာအစိုးရက ကျခံဆောင်ရွက်ပေးသွားမှာဖြစ်ပြီး မေလထဲမှာ မြန်မာအမျိုးသားလေကြောင်းလိုင်း
(MNA) နဲ့ပြန်ခေါ်နိုင်ဖို့ စီစဉ်နေတယ်လို့ဆိုပါတယ်။
ပြည်တော်ပြန်လိုတဲ့ စင်္ကာပူရောက်မြန်မာနိုင်ငံသားတွေအနေနဲ့
မြန်မာသံရုံးရဲ့ email လိပ်စာ webmaster@myanmarembassy.sgကို ဧပြီလ ၂၈ရက်နောက်ဆုံးထားပြီး
အမည်၊ နိုင်ငံကူးလက်မှတ်အမှတ်၊ ထွက်ခွာလိုသည့်အကြောင်းနဲ့ဖုန်းနံပါတ်တွေကို ရေးသားပေးပို့ရမယ်လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
(Unicode Version)
No comments